Cookies အသုံးပြုခြင်း
MHMarkets ၏ ဝန်ဆောင်မှုကို အသုံးပြုနေရသော လူကြီးမင်းတို့၏ စိတ်တိုင်းကျမှုအား သိရှိနိုင်ရန်အတွက် MHMarkets ဝက်ဘ်ဆိုဒ်တွင် Cookies များနှင့် ဝက်ဘ်ဆိုဒ်အချက်ပြ Beacons များ (ဝက်ဘ်ဆိုဒ်အတွင်း လှုပ်ရှားဆောင်ရွက်မှုကို စစ်ဆေးသော Tags သို့မဟုတ် GIF ပုံများ) အပြင် အခြားနည်းပညာများ (Cookies များနှင့် လုပ်ဆောင်ပုံဆင်တူသော) ကိုလည်း အသုံးပြုထားပါသည်။ Cookies ဆိုသည်မှာ ဝက်ဘ်ဆာဗာတစ်ခုမှ ပေးပို့လိုက်ပြီး လူကြီးမင်း၏ ကွန်ပျူတာတွင် သိမ်းဆည်းထားရသည့် သေးငယ်သော စာဖိုင်များဖြစ်ပါသည်။ Cookies အသုံးပြုခြင်းဖြင့် လူကြီးမင်းသည် MHMarkets ဝက်ဘ်ဆိုဒ် ဝင်ရောက်ကြည့်ရှုသည့် ပုံစံ၊ အချိန်၊ ဝင်ကြည့်ဖူးသော အခြားဝက်ဘ်ဆိုဒ်များအပြင် သင်၏ Web Browser မှ Log-in ဝင်လိုက်ပြီး Page သို့ ကြည့်ရှုရန် Notification တက်လာခြင်းကို သိမ်းဆည်းထားနိုင်ပါသည်။ MHMarkets သည် Cookies များတွင် သိမ်းဆည်းထားသော အချက်အလက်များကို ကျွန်ုပ်တို့ဝက်ဘ်ဆိုဒ်တွင် လူကြီးမင်းဝေမျှခဲ့သော စစ်ဆေးရန်လွယ်ကူသည့် ကိုယ်ရေးကိုယ်တာအချက်အလက်များသို့ ဦးတည်၍ ပေးပို့နိုင်ပါသည်။ MHMarkets သည် ထိုအချက်အလက်များကို မည်သည့် Third-Party ထံမဆို ဝေမျှထုတ်ဖော်သွားမည်မဟုတ်ပါ။ ကျွန်ုပ်တို့ MHMarkets မှ Cookies အတွင်း အချက်အလက်များကို ဖတ်ရှုနိုင်ပြီး၊ ထိုအချက်အလက်များတွင် မည်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ အကောင့်များနှင့် လျို့ဝှက်ပင်ကုဒ် အချက်အလက်များမပါဝင်သည့်အပြင် အခြားဝက်ဘ်ဆိုဒ်များအား ဝင်ရောက်ကြည့်ရှုသည့် အချက်အလက်များကိုလည်း သိမ်းဆည်းသွားမည်မဟုတ်ပါ။
MHMarkets တွင် ကျွန်ုပ်တို့ဝက်ဘ်ဆိုဒ်ထံ ဝင်ရောက်ကြည့်ရှုသော အသုံးပြုသူများ၏ အချက်အလက်များကို ဂုဏ်သရေရှိ ကြော်ငြာကုမ္ပဏီများထံ အွန်လိုင်းပေါ်ရှိ ကြော်ငြာရိုက်ကူးရေး ရည်ရွယ်ချက်များအတွက် ဝေမျှကောင်း ဝေမျှနိုင်သော်လည်း ကိုယ်ရေးကိုယ်တာ အချက်အလက်စစ်ဆေးရန်အတွက် အသုံးပြုသွားမည်မဟုတ်ပါ။ MHMarkets သည် Page ဝင်ရန်နှင့် ဖောင်ဖြည့်ရန် တောင်းဆိုချက်များ၊ ကလစ်နှိပ်ရန် လမ်းကြောင်းများကဲ့သို့ Traffic ဒေတာများကို စစ်ဆေးရန်နှင့် ဝင်ရောက်ကြည့်ရှုရန် Third-party ဆော့ဖ်ဝဲများကို အသုံးပြုနိုင်ပြီး ထိုစစ်ဆေးမှုတွင် MHMarkets ကိုယ်စား Cookies များကိုလည်း ချမှတ်ထားနိုင်ပါသည်။
လူကြီးမင်းအနေဖြင့် Cookies များကို အသုံးမပြုလိုပါက Web Browser အားလုံးတွင် ပိတ်ပင်ထားနိုင်ပါသည်။ အကယ်၍ သင်၏ Web Browser သည် Cookies များကို အလိုအလျောက်လက်ခံထားပါက အထက်တွင်ဖော်ပြထားသော MHMarkets ၏ Cookies အသုံးပြုခြင်းထုတ်ပြန်ချက်ကို လက်ခံသဘောတူပြီးဖြစ်ပါသည်။ အကယ်၍ သင်သည် Cookies များကို ပိတ်ပင်ခဲ့ပါက MHMarkets ၏ ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုနိုင်သေးသော်လည်း အချို့ကဏ္ဍများမှ မူလဒီဇိုင်းရေးဆွဲခဲ့သည့်ပုံစံအတိုင်း အလုပ်လုပ်တော့မည်မဟုတ်ပါ။